October 6, 2025

ဇိုတုန်ဖက်ဒရယ်ကောင်စီက ဇိုတုန်ဒေသလမ်းပိုင်း ၃ခုအား ကျပ် ၈၄၁သိန်းကျော်ကုန်ကျကာ  ပြုပြင်မှုပြုလုပ်

0

Chinland Channel / ၇ ဒီဇင်ဘာ ၂၀၂၄

ချင်းပြည်နယ်၊ ဇိုတုန်ဒေသအတွင်းရှိ လမ်းမကြီးသုံးခုအား မြန်မာငွေကျပ် ၈၄,၁၀၅,၃၀၀ ကုန်ကျကာ ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခဲ့ကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီက  သတင်းထုတ်ပြန်သည်။

ဇိုတုန်ဒေသအတွင်း အဓိကလမ်းမကြီးများဖြစ်သည့်  ဂန့်ဂေါ-အိုက်ကားလမ်း ၊ ရှာတလိုင်း-လိုတော်လမ်း နှင့် ဟားခါး-မတူပီလမ်း တို့အား မေလမှ စတင်ကာစက်တင်ဘာလထိ   မိုးရာသီလမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်းအတွက် ပံ့ပိုးကူညီကြသူအားလုံးအပေါ် အထူးကျေးဇူးတင်ရှိသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ဆိုသည်။

ထို့အပြင် ဆောင်းရာသီနှင့်နွေရာသီတွင် လမ်းပြုပြင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သောကြောင့် ရန်ပုံငွေမရရှိသေးသော်လည်း ရရာနည်းလမ်းဖြင့် နိုဝင်ဘာလ(၂၈) ရက်မှ စတင်ဆောင်ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဆောင်းရာသီနှင့်နွေရာသီအတွင်း လမ်းပြုပြင်ခြင်းသည် လမ်းပိုမိုခံခံ့ခြင်း၊ မိုးတွင်းမရောက်ခင် ခုနစ်လကျော်အထိ ကောင်းမွန်စွာအသုံးပြုနိုင်ခြင်း နှင့် ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် လုပ်ငန်းကိုအလျှင်စလိုစတင်ခြင်းဖြစ်ပြီး လမ်းအသုံးပြုနေသော ခရီးသွားပြည်သူများ၊ အလှူရှင်များ နှင့် ကားသမားများအနေဖြင့် ပံ့ပိုးကူညီပေးကြပါရန် ဇိုတုန်ဖက်ဒရယ်ကောင်စီက တောင်းဆိုထားသည်။

သတင်း- Joshua

ပုံအညွှန်း။       ။ ဇိုတုန်ဒေသအတွင်း လမ်းမကြီးများပြုပြင်နေစဥ်

ဓာတ်ပုံ။       ။ ဇိုတုန်ဖက်ဒရယ်ကောင်စီ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed