October 6, 2025

စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းပျံသန်းနေစဉ်ပျောက်ဆုံး

0

Chinland Channel / ၃ ဇူလိုင်လ ၂၀၂၅

အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်စင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက် ညပိုင်းမှာ လေ့ကျင့် ပျံသန်းရင်းပျောက်ဆုံးသွားတယ်လို့ ယနေ့ထုတ်မြန်မာ့အလင်းကဖော်ပြပါတယ်။

အဆိုပါ လေယာဉ်ဟာ နေပြည်တော်ကနေ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါကနေ ပျောက်ဆုံးပြီးဆက်သွယ်မှုပြတ်တောက်သွားတာလို့သိရပါတယ်။

အဆိုပါလေယာဉ်ဟာ စက်ချို့ယွင်းမှု (သို့မဟုတ်) ရုတ်တရက်ရာသီဥတုဆိုးဝါးမှုကြောင့် ပျောက်ဆုံးသွားတာ ဖြစ်နိုင်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်စီမံနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ လက်ရှိပျောက်ဆုံးနေတဲ့လေယာဉ်က ဘယ်လိုအမျိုးအစားဖြစ်ကြောင်း အတိအကျဖော်ပြထား ခြင်းမရှိပါ။

အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းလို့ တော်လှန်ရေးစခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ယနေ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဉ်နဲ့ ရဟာတ်ယာဉ် တစ်ဒါဇင်ဝန်းကျင်ပျက်ကျခဲ့ပြီဖြစ်ကာ အများစုက KIA ပစ်ချခဲ့တာဖြစ်ပြီး စစ်ကောင်စီကတော့ ပျံ့သန်းရင်းပျက်ကျတယ်လို့သာ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာလည်း ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာ ဘက်ကိုစစ်ဆင်ရေးသွားတဲ့ စစ်ကောင်စီ F-7 တိုက်လေယာဉ်တစ်စင်းကို People’s Liberation Army – PLA က ပစ်ချနိုင်ခဲ့ပါတယ်။

သတင်း – Jessie
ပုံအညွှန်း – စစ်ခေါင်းဆောင်က တိုက်လေယာာဉ်တစ်စင်းအား ကြည့်ရှုနေစဉ်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed