ချင်းပြည် (Chinland) ဒေသန္တရအုပ်ချုပ်ရေး ဥပဒေလက်တွေ့ဖော်ဆောင်ကျင့်သုံးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Chinland Channel / ၀၇ နိုဝင်ဘာ ၂၀၂၄
ချင်းပြည် (Chinland) အစိုးရ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ကြီးမှူးကာ ချင်းပြည် (Chinland) ဒေသန္တရအုပ်ချုပ်ရေး ဥပဒေလက်တွေ့ဖော်ဆောင်ကျင့်သုံးရေး အလုပ်ရုံဆွေးနွေးပွဲ အား လွန်ခဲ့သော အောက်တိုဘာ လကုန်ပိုင်းတွင် ချင်းလုံမြို့ (Chinlung City) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်/ ဒေသန္တရအစုအဖွဲ့ အသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဖိတ်ကြားထားသော တတ်သိပညာရှင်များအပါအဝင် အယောက် (၆၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
#ChinlandChannel #ChinlandCoucil #ChinlandGovernment #ChinlandNews

