October 6, 2025

ချင်းတော်လှန်ရေးအဖွဲ့များကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများရှောင်ရှားပြီး ဘုံရန်သူကို ဦးစားပေး တော်လှန်ကြရန် ချင်းတော်လှန်ရေး (၁၈) ဖွဲ့ တိုက်တွန်း

0

Chinland Channel/ ၁၉ဇွန်လ ၂၀၂၅

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ချင်းတော်လှန်ရေးအဖွဲ့များကြား နားလည်မှုလွဲမှားစေသော အပြောအဆို၊ အပြုအမူများရှောင်ရှားပြီး ဘုံရန်သူကို ဦးစားပေး တော်လှန်ကြရန် တိုက်တွန်းသည်ဟု ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ့မှ ပူးတွဲကြေညာ ချက် တစ်ရပ်ကို ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ချင်းပြည်အတွင်း တော်လှန်ရေးအဖွဲ့များအကြား ဖြစ်ပွားလေ့ရှိသော အချင်းချင်းပဋိပက္ခများ၊ လက်နက်ဖြင့် အဖြေရှားမှုများသည် တော်လှန်ရေးအား အားနည်းစေပြီး ချင်းလူမျိုးများ၏တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်လည်း ကျရှုံးသွားနိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် ချင်းလူမျိုးများ၏ နယ်မြေဒေသ/မျိုးနွယ်စုအရေးများကို တော်လှန်ရေးကာလအပြီးတွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန် ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ့က ဖိတ်ခေါ်ထားသည်။

ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ရန်၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့်ရှောက်ရန်နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထုနှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

နွေဦးတော်လှန်ရေး၏ အဓိကရည်ရွယ်ချက်များဖြစ်သည့် အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးနှင့် ချင်းပြည်တည်ဆောက်ရေးအတွက် တော်လှန်ရေးအဖွဲ့များအားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ့က ဆိုသည်။

ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့(၁၈)ဖွဲ့တွင် Zotung Federal Council/ CDF-Zotung, CDF-Matupi, CDF-Kalay-Gabaw-Gangaw, CDF-Hakha Central Council, CDF-Thantlang, Lautu Region People Administration/ CDF-Lautu, Zopheiram Council/ CDF-Zophei, Maraland Council/ CDF-Mara, Paletwa Council/ CDF-Paletwa, Mindat Council, Senthang Central Council / SRF, Tedim Township Council / PDA, Thado Council / CDF-Thado, Tonzang Township Council / CDF-Tonzang, Siyin Regional Council / CDF-CDM-Siyin, Kanpetlet Council, Zanniatland People’s Organization / CDF-Zanniatram, Hualngoram People’s Organization / CDF-Hualngoram တို့ပါဝင်ကြောင်း သိရသည်။

သတင်း- Joshua

Screenshot
Screenshot

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed